သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အစည်းအဝေး ၉/၂၀၂၃ တက်ရောက်
Oct 17,2023
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး ၉/၂၀၂၃ ကို အောက်တိုဘာလ ၁၆ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဖြူးမြို့နယ် ရေလျှံကြီးကျေးရွာ၌ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး မြေပဲ၊ ပဲတီစိမ်းနှင့် မတ်ပဲသီးနှံအထွက်ကောင်းမျိုးများထောက်ပံ့
Oct 17,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်းမြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲများစိုက်ပျိုးရာတွင် အထွက်ကောင်းပြီး ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေးအတွက် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ အထွက်ကောင်းမျိုးများ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ရေလျှံကြီးကျေးရွာအုပ်စု၊​ရေလျှံကြီးကျေးရွာ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ဆောင်းသီးနှံ မြေပဲ၊ ပဲတီစိမ်းနှင့် မတ်ပဲသီးနှံအထွက် ကောင်းမျိုးများအား ပြည်သူလက်ဝယ်အရောက်ပေးအပ်
Oct 17,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီက ဦးဆောင်၍ မြို့နယ်အတွင်း ဆောင်းသီးနှံ မြေပဲ၊ ပဲတီစိမ်းနှင့် မတ်ပဲသီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေးအထွက်ကောင်းမျိုးများ ပြည်သူလက်ဝယ်အရောက်ပေးအပ်ခြင်းနှင့် နည်းပညာဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျွဲပွဲမြို့၊ အမှတ် (၂)ရပ်ကွက်ရှိ ရွှေကျင်ကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကျန်းမာရေးဝန်ကြီးဌာနမှ အထူးကုဆေး ကုသရေးအဖွဲ့ မုံရွာမြို့တွင် ကွင်းဆင်းဆေးကုသပေးနေမှုများအား လိုက်လံကြည့်ရှု အားပေး
Oct 17,2023
ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၏ အထူးဆေးကုသရေး အစီအစဉ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ကုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ အောက်တိုဘာလ ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာခရိုင်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆန်၊ ဆီလုပ်ငန်းရှင်များမှ သက်သာသောဈေးနှုန်းဖြင့် အိမ်ထောင်စုများအား ဆန်၊ ဆီများ ရောင်းချပေးလျှက်ရှိ
Oct 17,2023
ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်ဆန်၊ ဆီလုပ်ငန်းရှင်များမှ သက်သာသောဈေးနှုန်းဖြင့် ဆန်၊ ဆီများကို ယနေ့ မွန်းလွဲပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌  ရောင်းချပေးခဲ့သည်။
လယ်ဝေးမြို့နယ်၊ သစ်ပုတ်ပင်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Oct 17,2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ဦးစီးမှူးရုံးမှ ဒုဦးစီးမှူး ဒေါ်ခင်မိုးဝေနှင့် ဝန်ထမ်းများသည် ယမန်နေ့က သစ်ပုတ်ပင်ကျေးရွာတွင်၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
သာပေါင်းမြို့နယ် သီရိရွှေသာဈေး မီးဘေးလုံခြုံရေး ကြည့်ရှုစစ်ဆေး
Oct 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် သီရိရွှေသာဈေးအတွင်း အောက်တိုဘာလ ၁၆ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က မီးဘေးလုံခြုံရေး ကြည့်ရှုစစ်ဆေးကြသည်။
ပြည်သူအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)စတင်ထိုးနှံ
Oct 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော အမျိုးသမီးငယ်များအား အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်မှ စတင်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်ကလေးဌာနခွဲတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) အခမဲ့ စတင်ထိုးနှံပေးလျက်ရှိသည်။