သတင်းများ

ငါ့သရောက်မြို့  Community  Centre  ခန်းမ၌ စာပေ ချစ်မြတ်နိုးသူများအသင်း ( Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ကျင်းပ
Mar 12,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community  Centre  ခန်းမတွင်  စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍  ယနေ့ နံနက်  ၁၀ နာရီ အချိန်က စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်တွင် မကွေးတိုင်းတောင်သူအဖွဲ့(RFDA)မှ ဦးဆောင်ကျင်းပသော ပဲမျိုးစုံ စုပေါင်းရောင်းချပွဲ ကျင်းပ
Mar 12,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင်းရှိ  ဒေသခံတောင်သူများ  စျေးနှုန်းမှန်ကန်စွာဖြင့် စိုက်ပျိုးထွက်ရှိမှုသီးနှံများကို ရောင်းချနိုင်ရေး၊ တောင်သူတို့၏ ဘဝဖွံ့ဖြိုးတိုးတက်စေရန်  ရည်ရွယ်၍ မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့(RFDA)မှ  ဦးဆောင်ကျင်းပသော ပဲမျိုးစုံ စုပေါင်းရောင်းချပွဲကို မတ်လ(၁၁)ရက် နံနက် ၇ နာရီ ၃၀ မိနစ်အချိန်မှ  စတင်ကာ ပုထိုးဖြူရပ်ကွက် ရွှေမန်းဇာတ်ရုံကြီးအတွင်း၌ ဒေသပေါက်စျေးထက်ပို၍ ဝယ်ယူလျက်ရှိကြောင်း သိရသည်။
မြဝတီမြို့ခရိုင်၌  ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရေး ရုံးစာရေးသားနည်းသင်တန်း (၁/၂၀၂၄) ဖွင့်လှစ်
Mar 12,2024
ကရင်ပြည်နယ်၊ မြဝတီခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်း၏ သဘောသဘာဝများကို သိရှိနားလည်ပြီး ဌာန၏ ရည်မှန်းချက် တာဝန်များ မှန်ကန်မြန်ဆန်စွာ  ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်၍  ရုံးစာရေးသားနည်းသင်တန်း(၁/၂၀၂၄)  ကို မတ် ၁၁ ရက်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Online Virtual စနစ်ဖြင့် ဖွင့်လှစ် သင်ကြားပေးသည်။ 
မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော် အောင်လံမြို့နယ် မြို့နယ်တရားရုံး ဆောက်လုပ်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေး
Mar 12,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဆောက်လုပ်နေသည့် အောင်လံမြို့နယ်တရားရုံး (RC) လေးထပ်ဆောင် ဆောက်လုပ်ပြီးစီးမှုအခြေအနေကို ယမန်နေ့ နံနက် (၉) နာရီက မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်နှင့် မကွေးတိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးခင်မောင်မြင့်တို့က ကြည့်ရှုစစ်ဆေးခဲ့ရာ နန်းထိုက်ဝင်း ဆောက်လုပ်ရေးကုမ္ပဏီတာဝန်ရှိသူ ဦးအောင်သူမှ မြို့နယ်တရားရုံး ဆောက်လုပ်ပြီးစီးမှုအခြေအနေအား (Power Point) ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်မှ ဆောက်လုပ်ထားရှိသော တရားခွင်များ၊ ရုံးခန်းများနှင့် ပရိဘောဂပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား ကျောင်းသူများ အင်္ဂလိပ်စာဖြေဆိုနေမှုအား ကြည့်ရှုအားပေး
Mar 12,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ စာစစ်ဌာန၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသားကျောင်းသူများ အင်္ဂလိပ်စာ ဘာသာရပ် အေးချမ်းစွာ ဖြေဆိုနေမှုအား ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ကျိုက်မရောမြို့နယ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာ ဖြေဆိုနေမှု ကြည့်ရှုအားပေး
Mar 12,2024
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက ကျိုက်မရောမြို့ (အ.ထ.က) ကျောင်း စာစစ်ဌာနသို့ သွားရောက်ပြီး (၂၀၂၃-၂၀၂၄) ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာအား ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ​ဖြေဆိုနေမှုကို ကြည့်ရှုအားပေးခဲ့သည်။
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှု လာရောက်ကြည့်ရှု အားပေး
Mar 12,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ယန္တရား (အထက) ကျောင်းသို့ ယနေ့ နံနက် ၉ နာရီခွဲ အချိန်က မန္တလေးတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မိုး၊ စီးပွားရေးဝန်ကြီး ဦးသိန်း‌ဌေး၊ လမ်းပန်းဝန်ကြီး ဦး‌အောင်‌ဇော်ဦး၊ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်၊ အမရပူရခရိုင် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်ငြိမ်းနှင့် အဖွဲ့ဝင်များ ရောက်ရှိလာပြီး တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မက်မန်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်
Mar 12,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း ကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။