ကိုကိုးကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Jul 21,2023
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆောင်ရွက်ရာမှာ ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင်ပါ၀င်သည့် လုပ်ငန်းတစ်ခုဖြစ်တာကြောင့် ယမန်နေ့ နံနက်(၉:၀၀) နာရီအချိန်တွင် ကိုကိုးကျွန်းမြို့နယ်အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းခန်းမတွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့်အထက်တန်း အသက် ၅ နှစ်မှ အသက် ၁၈ နှစ်ထိ ကျောင်းသား၊ ကျောင်းသူမျာ ထပ်စောင်းကာကွယ်ဆေးထိုးနှံခြင်းကို တပ်မတော်မှဆေးအဖွဲ့များ မြို့နယ်ဆေးရုံမှ ဆရာ၀န်ကြီးဒေါက်တာအောင်လိူင်ဝင်းနှင့် သူနာပြုများ စေတနာ့၀န်ထမ်းများမှ ထိုးနှံပေးခဲ့ကြောင်း သိရသည်။