ပင်းတယမြို့နယ်၌ ထုပ်ပိုးမှု (Packaging)ဆိုင်ရာ နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပင်းတယ မတ် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊‌ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ထုပ်ပိုးမှု (Packaging) ဆိုင်ရာ နည်းပညာသင်တန်း အမှတ်စဉ် (၂/၂၀၂၃-၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊‌ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒေသဦးစီးမှူး ဒေါ်အေးအေးသန့်က အဖွင့်အမှာစကား ပြောကြားပေးပြီး၊ သင်တန်းသား/ သင်တန်းသူများအား သင်တန်းသုံးကုန်ကြမ်းပစ္စည်းများ ပေးအပ်သည်။

အဆိုပါသင်တန်းအား မတ်လ (၁၀) ရက်နေ့မှ မတ်လ (၁၃) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ၎င်းသင်တန်းတွင် သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၂၀) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်းသိရသည်။

အောင်ကိုဦး(ပြန်/ဆက်)