စစ်ကိုင်းမြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေနှင့် လူငယ်အသိပညာပေး ဟောပြောဆွေးနွေး

စစ်ကိုင်း ဇူလိုင် ၂၁

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေနှင့် လူငယ်အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စစ်ကိုင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ကလေးဆိုသည်မှာ အဘယ်နည်း၊ ကလေးတွေကို ဘယ်သူတွေက ကာကွယ်ပေးမလဲ၊ သတင်းပေးပို့ အကြောင်းကြားရမည့်ကလေးသူငယ် ကာကွဘ်စောင့်ရှောက်ရေး ဖြစ်ရပ်များ၊ ကလေးများအပေါ် မတရားပြုမူခြင်း၊ အကြမ်းဖက်ခြင်း၊ ကလေးအပေါ် လျစ်လျူရှုခြင်း၊ ကလေးအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းစသည့် ဥပဒေအကြောင်း အရာများဆွေးနွေးပြီး စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက စာဖတ်ခြင်းဖြင့် ရရှိလာသည့် အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆောင်ရန်/ ရှောင်အချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

ဆက်လက်၍ အဆိုပါအဖွဲ့များသည် နေ့လည်ပိုင်းတွင် စစ်ကိုင်းမြို့၊ ရန်နိုင်ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ လူငယ်အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြပြီး ဟောပြော ဆွေးနွေးပွဲအပြီးတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်