အမရပူရ ဇူလိုင် ၂၁
ကျောင်းသားလူငယ်လေးများ စာကြည့်တိုက်သို့ ပျော်မွေ့စေရန် ရည်ရွယ်၍ မူလတန်းအဆင့် ပုံတူပန်းချီရေးဆွဲပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နေ့လည်ပိုင်းက မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲများ၌ ပုံတူပန်းချီရေးဆွဲပြိုင်ပွဲကို နံနက်၁နာရီတွင်လည်းကောင်း၊ စာဖတ်စွမ်းရည် ပြိုင်ပွဲကို နေ့ ၂နာရီခွဲတွင် လည်းကောင်း ဆက်လက်ကျင်းပခဲ့ရာ ပိန်းတန်းရပ် အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၂၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆုရရှိသူများကို ဦးစီးအရာရှိနှင့် စာကြည့်တိုက်တာဝန်ခံတို့က ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)