တနင်္သာရီမြို့၏ သမိုင်းဝင်ရာဇမင်္ဂလာကန်တော်အား မူလပုံစံမပျက် အဆင်မြင့်တင်ပြုပြင်မွမ်းမံနေမှု (၉၀)ရာနှုန်း ပြီးစီး

တနင်္သာရီ ဇူလိုင် ၂၁

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၏ ကျက်သရေဆောင် သမိုင်းဝင်ရာဇမင်္ဂလာကန်တော်သည် တနင်္သာရီမြို့-ချောင်းငယ်ကျောင်းတိုက်၏ မြောက်အရပ်တွင်တည်ရှိပြီး ယင်းနေရာတွင် မဟာသီရိဓမ္မသောကမင်းကြီးက ရေ ကန်တော်နှင့် စေတီတော်တို့ကို လှူဒါန်းခဲ့လေသည်။ ၎င်းတို့မှာ ချောင်းငယ်ဘုန်းတော် ကြီးကျောင်းဝင်းအတွင်းရှိ နန်းဦးစေတီနှင့် ရာဇမင်္ဂလာကန်တော်ပင်ဖြစ်ပြီး ထိုမင်္ဂလာ ကန်တော်ကို တနင်္သာရီမင်းဆက်များက ဦးခေါင်းဆေးမင်္ဂလာပြုရာတွင် အဓိက အသုံးပြုခဲ့ကြသည်ဟု ဆိုသည်။

၎င်းရာဇမင်္ဂလာကန်၏ ကန်ဘောင်ရိုးအလျားမှာ(၂၀၀)ပေခန့်ရှိသည်။ ကန် ဘောင်အမြင့်ပေ (၁၀)ပေ၊ အကျယ်က (၂၀)ပေခန့်ရှိ၍ ကန်၏အနက်မှာ(၁၀)ခန့်ရှိ သည်။   အုတ်နံရံများနှင့် ဝင်းတံခါးများကို ချောင်းငယ်ကျောင်းတိုက်ဆရာတော်က ထိန်းသိမ်းစီမံ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 ယခုအခါ နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ သစ်သားတံတားနှင့် ရှင်ဥပဂုတ္တကျောင်းဆောင်တို့သည် ဟောင်းနွမ်းယိုယွင်းနေပါသဖြင့် ရာဇမင်္ဂလာကန်တော်ကို ကန်ဘောင်ရိုးအဆင့်မြှင့်တင်ခြင်း၊ ကန်အလယ်ရှိ ရှင်ဥပဂုတ္တရုပ်ပွားတော်မြတ်အား ပူဇော်နိုင်ရန် ဆက်သွယ်ထားသည့် (ယခင်) သစ်သားတိုင်များ အစား(၇၆ပေ-၆ပေ) အရွယ် သံကူကွန်ကရစ်တံတားအဖြစ်သို့ လည်းကောင်း၊

ထို့အပြင် ရှင်ဥပဂုတ္တရုပ်ပွားတော် ပူဇော်ခံအဆောင်ကို (၂၀ပေ-၂၀ပေ)အထိ အဖြစ်လည်းကောင်း၊  (ယခင်)မူလပုံစံ မ ပျက်စေဘဲ အဆင့်မြင့်တင်၍ ပြုပြင်မွမ်းမံ ခြင်းလုပ်ငန်းကို တနင်္သာရီမြို့နယ််၊အမှတ် (၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးအောင်ကို လတ်ကဦးဆောင်လျက် ခန့်မှန်းကုန်ကျငွေ ကျပ်သိန်း(၅၃၀)ခန့်ဖြင့်၂၀၂၃ခုနှစ်၊ဧပြီလ အလယ်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်နေရာ ယနေ့အထိ လုပ်ငန်းအား လုံး၏(၉၀)ရာနှုန်းအထိပြီးစီးနေမှုကို ဗိုလ်မှူးကြီးအောင်ကိုလတ်က ရေရှည် တည်တံ့ခိုင်မြဲရေး၊ တံတားတိုင်များ ဆေးသုတ်နေမှုနှင့် လက်ရှိကြွေပြားများ ရောက် ရှိနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊

လက်ရှိတွင် လျှောက်လမ်းအတွင်း ကြွေပြားခင်းရန်နှင့် ဝရံတာတပ်ဆင်ရန်သာ ကျန်ရှိသဖြင့် အမြန်ပြီးစီးနိုင်ရေးအတွက် အရပ်ဝေး/အရပ်နီးမှ စေတနာရှင် မိဘပြည်သူများအနေဖြင့် ကုသိုလ်ပြုပါဝင် လူဒါန်းလိုပါက ဦးကျော်ကျော်ခေါင် (အကျိုးတော်ဆောင်) Ph;094:02955246 သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သိရသည်။ 

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)