ရမည်းသင်းခရိုင်လူထုအခြေပြုဗဟိုဌာန  စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပ

ရမည်းသင်း ဇူလိုင် ၂၁

စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းနှင့် စာပေဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အသင်း၊ Youth Club အသင်းတို့ ပူးပေါင်း၍ ယမန်နေ့ ညနေ ၃နာရီ အချိန်က ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးတို့အား ရှင်းလင်းပြောကြားကာ Book Clubအသင်း ဥက္ကဋ္ဌ ဦးမျိုး

လွင်က စာဖတ်ဝိုင်းဆွေးနွေးကို တစ်ဦးနှင့်တစ်ဦး စာပေမှ ရရှိတဲ့ သုတ၊ ရသများ ပြန်လည်မျှဝေခြင်းဖြင့် စာပေရဲ့ အနှစ်သာရကို ရရှိကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒေါက်တာခင်မောင်ညို ရေးသားသည့် "လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း" စာအုပ်မှ "မှားမှာကိုမကြောက်ပါနဲ့" အသိပညာပေးဝတ္ထုတိုးကို ခရိုင်ပြန်/ဆက်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးနှင့် Youth Club အသင်းဥက္က၊ ဦးအေးမင်းမြတ်တို့က ဖတ်ကြားခဲ့ကြရာ Book Club အသင်း ဥက္ကဋ္ဌ ဦးမျိုးလွင်မှ အမှားတွေဖြစ်မှာကြောက်လို့မလုပ်ဘဲမနေပါနဲ့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေဝါသနာရှင် မစန္ဒာမိုးမှ အမှားကိုဝန်ခံပါခေါင်းစဉ်ကိုလည်းကောင်း၊ Youth Club အသင်းအတွင်းရေးမှူး ဒေါ်စုစုလှိုင်မှ မှားမှာကြောက်ပြီးမလုပ်သူတွေအများကြီးရှိကြောင်း အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇော်ဝင်းအောင်(ပြန်/ဆက်)