ပေါင်မြို့နယ်တွင် အသက်(၅)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေး

ပေါင် ဇူလိုင် ၂၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အသက်(၅)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ပေါင်မြို့နယ်မိခင်နှင့်က‌လေးကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ယမန်နေ့နံနက်ပိုင်းက(အ.မ.က)ကဒုံးစီး၊ (အ.မ.က)စကားဝါ၊ (အ.မ.က)စံတိုက်၊ (အ.မ.က)ဒေးဗိန်၊ (အ.မ.က)ကဒါမင်းတန်း၊ (အ.မ.က) ကဒါအထက်၊ (အ.ထ.က)မင်းတန်းစသည့်ကျောင်းများ၌ အသက်(၅)နှစ်အထက်  ကလေးငယ်များအား (Second Booster Dose)ကာကွယ်ဆေးများကို  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ကာကွယ်ဆေးထိုးရန်ရောက်ရှိလာကြသော ကျောင်းသား/သူများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ အတန်းအလိုက်စနစ်တကျစာရင်းရေးသွင်းခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးပြီးနောက် မိနစ်(၃၀)ခန့် အနားယူစေခြင်းတို့ဖြင့် ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)