ဘုတ်ပြင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညား ဟောပြောပွဲ၊ နံရံကပ်စာစောင်များ ပြသ

ဘုတ်ပြင်း ဇူလိုင် ၂၁

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်က Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက မိုးဦးရာသီတွင် အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ကျန်းမာရေးဗဟုသုများ၊ သွေးလွန်တုပ် ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းစဉ်များ၊ မိမိကျောင်းပတ်ဝန်းကျင်သာမက မိသားစုများတွင် ရောဂါမဖြစ်ပွားအောင် ဆောင်ရန် ရှောင်ရန်များနှင့်ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာများကို ကျောင်းသားကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့သည်။

ယင်းနောက် အမက-ရွှေဘုံသာကျောင်းမှ ကျောင်းသားကျောင်းများက Community Centre ခန်းမတွင် ပြသထားသည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်၍ အသိပညာပေး နံရံကပ်စာစောင်များ၊ ငလျင်ဘေး အသိပညာပေး ၊လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်းများ ပြသထားရာ ကျောင်းသားကျောင်းသူများ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)