သတင်းများ

နမ့်ခမ်းမြို့ (Community Centre) ခန်းမအတွင်း၌ “သက်ကြီးရွယ်အိုဘဝမြှင့်တင်နိုင်ရေး အသိပညာပေး Talk Show ”ကျင်းပဆောင်ရွက်
Jul 18,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊  မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန၊ (Community Centre) ခန်းမတွင်း၌ ယနေ့နံနက်(၉)နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်၍  အသိပညာပေး Talk Show ကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကသာမြို့ အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်
Jul 18,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ နှင့် နံရံကပ်စာစောင်ပြပွဲ ကို ယနေ့ နံနက် (၈) နာရီ အချိန်က အဆိုပါ သရဖီဆောင်အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့မှ လျာထားသတ်မှတ်လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး
Jul 18,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ပထမသုံးလပတ် ကရင် ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေများဖြင့် မြို့စည်ပင်သာယာရေးမှ ဆောင်ရွက်ခဲ့သော လမ်းခင်းခြင်းလုပ်ငန်းများမှာ ရာနှုန်းပြည့်ဆောင်ရွက်ပြီး စီးသွားခဲ့ပြီဖြစ်၍ ပြည်သူများ အဆင်ပြေချောမွေ့စွာ အသုံးပြုလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
(၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲပြုလုပ်
Jul 18,2023
(၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အာဇာနည်နေ့အကြောင်းသိကောင်းစရာ ဟောပြောပွဲနှင့် စာအုပ်ပြပွဲ၊ အာဇာနည်နေ့ဆိုင်ရာ နံရံကပ်စာစောင် ပြပွဲနှင့် ဓာတ်ပုံပြပွဲကို ဇူလိုင် (၁၇) ရက်နေ့ မွန်းလွဲ (၂) နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်ဓါတ်ပုံပြပွဲကျင်းပ
Jul 18,2023
တံတားဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမတွင် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်ဓါတ်ပုံပြပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကျင်းပကြောင်းသိရသည်။
ကမာရွတ်မြို့နယ် မြို့မဂုဏ်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ​ပေး
Jul 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့နံနက် (၉) နာရီအချိန်က ကမာရွတ်မြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ မြို့မဂုဏ်ကိုယ်ပိုင်အထက်တန်း​ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ (၁၂ဝ) ဦးအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile library စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းလုပ်ငန်းဆောင်ရွက်
Jul 18,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန် မြင့်မား‌စေရန်ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင်များ စာအုပ် စာပေများကို လွယ်လင့်တကူ ဖတ်ရှုနိုင်‌စေရန် အတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးများသို့ သွားရောက်၍ Mobile library စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် အဆင့်မြင့် RC နှစ်ထပ် စျေးရုံသစ်ကြီး တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး
Jul 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေး ဌာနပိုင် မြို့မစျေး အနောက်ဘက်ခြမ်းရှိ အဆင့်မြင့် RC နှစ်ထပ် စျေးရုံသစ်ကြီး တည်ဆောက်နေမှုအား ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ယမန်နေ့ ညနေပိုင်းက ကြည့်ရှုစစ်ဆေးသည်။