သတင်းများ

ကျောက်တံခါးမြို့တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို (၇၈၂)ဦး ဝင်ရောက်ဖြေဆိုမည်
Mar 06,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ(၁၁) ရက်နေ့မှ (၁၉)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ရာ အခြေခံပညာအထက်တန်း(ကျောက်တံခါး) ကျောင်းဝင်းအတွင်း  စာစစ်ဌာန(၃)ခု၌ ကျောင်းသား/ကျောင်းသူ(၇၈၂)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ (၅၈၅)ကြိမ်မြောက် ထုတိအနုမောဒနာ ဂုဏ်ပြုလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနား ကျင်းပ
Mar 06,2024
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဒါတရား ထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က (၅၈၅)ကြိမ်မြောက် ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ မွန်လွဲ(၁)နာရီတွင် ရွှေတိဂုံစေတီတော် ရင်ပြင်တောင်ဘက် မုခ်ရှိ ရှေးဟောင်းရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
ဟင်္သာတမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများ မီးဘေးအန္တရာယ် လုံခြုံမှုရှိစေရေးကွင်းဆင်းစစ်ဆေး
Mar 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲများကို မတ်လ (၁၁)ရက်နေ့မှ စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဝင်ရောက်ဖြေဆိုမည့်ကျောင်းသား‌၊ ကျောင်းသူ (၁၄၂၆)ဦးတို့အား အေးချမ်းစွာစာ‌မေးပွဲဖြေဆိုနိုင်ရေးနှင့် မီးဘေးအန္တရာယ် လုံခြုံမှုရှိ စေရေးအတွက် ယနေ့ နံနက် (၁၀)နာရီက ဟင်္သာတမြို့အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းစာစစ်ဌာနနှင့် မြို့ပေါ်ရှိစာစစ်ဌာန ဖွင့်လှစ်ထားသော အခြေခံပညာအထက်တန်း ကျောင်းများသို့ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ညောင်ဦးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်
Mar 06,2024
မန္တလေးတို်ငးဒေသကြီး ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများ၊ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ချက်များနှင့်ပတ်သက်၍ သိရှိနားလည်သဘောပေါက်စေရန် ရည်ရွယ်၍ ယနေ့ မွန်းလွဲ ၁ နာရီအချိန်ကစတင်ကာ ကျေးရွာ/ ရပ်ကွက်များသို့ အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပျော်ဘွယ်မြို့နယ် ညောင်နွယ်(တ)ကျေးရွာတွင် အသိပညာပေးဟောပြောပွဲကျင်းပ
Mar 06,2024
ပျော်ဘွယ်မြို့နယ်၊ ညောင်နွယ်(တ)ကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းသိကောင်းစရာနှင့်အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်းသိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်တက္ကသိုလ်၌ အခြေခံစားသောက်ကုန် ပစ္စည်းများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ‌ပေးနေမှုအား ကြည်ရှုအားပေး
Mar 06,2024
မွန်ပြည်နယ်အတွင်း ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများက ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်များဖြင့် ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ဌာနဆိုင်ရာများပူးပေါင်းပြီး ပြည်သူများအတွက်သက်သာသောနှုန်းထားများဖြင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချခြင်းကို မတ်လ(၅)ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်ဝင်းအတွင်း၌ ရောင်းချ‌ပေးလျက်ရှိသည်။
ထန်းတပင်မြို့နယ်တွင် ဆဋ္ဌမအကြိမ်မြောက် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်
Mar 06,2024
လိမ္မာယဉ်ကျေးသည့်အနာဂတ်သားကောင်းရတနာ၊ မီးကောင်းရတနာများ ဖြစ်ပေါ်လာစေရန်နှင့် အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက် တက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ  လွမ်းစေတီဘုရားကြီးကျောင်းတိုက်တွင် နွေရာသီယဥ်ကျေး လိမ္မာသင်တန်းကို ဆဋ္ဌမအကြိမ်မြောက်အဖြစ် ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျောင်းတိုက်ကြီး၌ ဖွင့်လှစ်ခဲ့သည်။
မချမ်းဘောမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာ ဟောပြောပွဲဆောင်ရွက်
Mar 06,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုး တက်လာစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် စာဖတ်ရှိန်မြှင့်တင်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲ စာအုပ်ပြပွဲနံရံကပ်စာစောင်ပြပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။