ကလိန်အောင်မြို့တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ရုပ်ပုံပြပုံ‌‌ပြောပြိုင်ပွဲဆောင်ရွက်

ကလိန်အောင် ဇူလိုင် ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်ဖြစ်ပေါ်ပုံကို သိရှိစေရန် အတွေးအခေါ်ရင့်သန်လာစေရန်၊ စာပေအကျိုးကျေးဇူး များကို သိရှိစေရန် အသိပညာဗဟုသုတများ တိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာအုပ်စာပေ ချစ်မြတ်နိုးသူများ ဖြစ်လာစေရေး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ရုပ်ပုံပြပုံပြောပြိုင်ပွဲကို ယနေ့၊ နံနက် (၁ဝ) နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး (တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က ပြိုင်ပွဲများပြုလုပ်ခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့သည်။ ပြိုင်ပွဲတွင် အထက-ကလိန်အောင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဘွဲကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည် "အစွမ်းကိုယ်စီရှိကြသည်" ဆိုတဲ့ ရုပ်ပုံပြပုံပြင်‌လေးကို ပါဝင်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်နိုင််သူ ကျောင်းသား/သူများကို အမှတ်တရ လက်ဆောင် များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်ခင်လဲ့