ကိုကိုးကျွန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနိူင်း အစည်းအဝေးကျင်းပ

ကိုကိုးကျွန်း  ဇူလှိုင်  ၁၈

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကိုကိုးကျွန်းမြို့နယ်တွင် ယမန်နေ့နံနက် (၁၀:၀၀) နာရီအချိန်က၊ ကိုကိုးကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကိုကိုးကျွန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးအဖွဲ့နှင့် မြိုနယ်အဆင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများ လုပ်ငန်း ညှိနိူင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

ပထမဦးစွာ ရန်ကုန်တိုင်းစစ်ဌာနချုပ် အမှတ်(၃) စစ်ဗျူဟာအဖွဲ့မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ဇင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဒေသဖွံ့ဖြိုးရေးအဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး ရဲမင်းသိန်းမှ ကိုကိုးကျွန်းမြို့နယ်ဒေသတွင် လိုအပ်သော ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်များနှင့် ပတ်သက်၍ တက်ရောက်လာသူများမှ အကြံပြုဆွေနွေးစေလိုကြောင်း ပြောကြားခဲ့ပြီး ဆက်လက်၍ ဒေသဖွံ့ဖြိုးရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ကျော်သူရမှ ဒေသအတွင်းလုပ်ကိုင်နေသည့် အသေးစား စီးပွါးရေးလုပ်ငန်းများနှင့် ပတ်သက်၍ အခက်အခဲများရှိပါက ပွင့်လင်းစွာတင်ပြစေလိုကြောင်း ပြောကြားသွားပါသည်။

ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းမင်းနှင့်စီမံအဖွဲ့ဝင်များက ကိုကိုးကျွန်းမြို့နယ်တွင် တာဝန်ထမ်းဆောင်နေကြသော ဌာနဆိုင်ရာအသီးသီးနှင့် ဒေသခံပြည်သူလူထုအနေဖြင့် သွားလာရေးအဆင်ပြေစေရန်နှင့် စားနပ်ရိက္ခာဖူလုံမူရှိနေရန်အတွက် သင်္ဘောခရီးစဉ်ကိုတစ်လတစ်ကြိမ် ပုံမှန်ပြေးဆွဲပေးစေလိုကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို တင်ပြခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့၏ ဌာနလိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများအလိုက် အသီးသီးဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။  

ကိုကိုးကျွန်း(ပြန်/ဆက်)