လင်းခေး၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ဥာဏ်စမ်းပဟေဠိ ပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲပြုလုပ်

လင်းခေး ဇူလိုင် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community centre) ၌ ယနေ့နံနက် ၉နာရီက (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ဥာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲပြုလုပ်ခဲ့ကြောင်း သိရ သည်။

ထိုသို့ပြုလုပ်ရာတွင် ကျောင်းသား၊ ကျောင်းသူများအသိပညာ ဗဟုသုတတိုးပွားလာစေရန်နှင့် နေ့ထူးနေ့မြတ်များကို မမေ့အပ်စေရန်တို့ကို ရည်ရွယ်လျက် အာ ဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း သိကောင်းစရာများကို ခရိုင်ဦးစီး မှူးဦးသန်းမြင့်က ကျောင်းသားကျောင်းသူများအား အသိပညာ ပေးဟောပြောခဲ့ပါသည်။   ဟောပြောပွဲအပြီးတွင် ကျောင်းသားကျောင်းသူများအား အာဇာနည်နေ့နှင့်ပတ်သက်သော ဥာဏ်စမ်းပဟေဠိပြိုင်ပွဲအား အတူတကွဖြေဆိုစေခဲ့ပါသည်။ ထို့နောက် ခရိုင်ဦးစီးမှူးက  အဆိုပါပဟေဠိ ပြိုင်ပွဲ၌ ဆုရရှိသည့် ကျောင်းသားကျောင်းသူ ကလေးများအား ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အမှတ်တရလက်ဆောင်ဆုများ အသီးသီး ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါပြိုင်ပွဲ အပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် (၇၆)နှစ်မြောက် အာ ဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

စိုင်းဇော်လတ်(ဓာတ်ပုံ-)