လပွတ္တာခရိုင်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ လက်တွေ့ လေ့ကျင့်ဆောင်ရွက်

လပွတ္တာ ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများအား လက်တွေ့လေ့ကျင့်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က လပွတ္တာခရိုင်မီးသတ်ဦးစီးဌာနရုံး၌  ပြုလုပ်ခဲ့သည်။

အဆိုပါ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများအား တပ်ဖွဲ့ဝင်များ ကျွမ်းကျင်ပိုင်နိုင်မှုရှိစေရေးအတွက် လပွတ္တာခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်မျိုးမြင့် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်(၃၅)ဦးတို့အား Hydraulic Tools များ၊ အသက်ရှုကိရိယာ B.ASet စသည့်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများ အကြောင်းအား ရှင်းလင်းပြောကြားသည်။

ထို့နောက် အသက်ရှုကိရိယာ BASet သည် မီးလောင်မှုများတွင် မီးခိုးများဖြင့်ပြည့်နေသော အခန်းအတွင်းသို့ ဝင်ရောက်ရာတွင် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပိတ်မိနေသောလူနာများအား အသက်ရှုကိရိယာအသုံးပြု၍ ကယ်ဆယ်ခြင်းလုပ်ငန်းများကို တပ်ဖွဲ့ဝင်များက လက်တွေ့ လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လပွတ္တာ (ပြန်/ဆက်)