အိမ်မဲမြို့နယ်တွင် (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဉာဏ်ရည်မြှင့်ပြိုင်ပွဲများကျင်းပ

အိမ်မဲ ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဉာဏ်ရည်မြှင့် ပြိုင်ပွဲများကို ယနေ့ နံနက် (၁၀) နာရီတွင်ကျင်းပသည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။

ဆက်လက်ပြီး  (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဉာဏ်ရည်မြှင့် ပြိုင်ပွဲများဖြစ်သော ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲများကိုကျင်းပရာ အ.မ.က ကန်ကြီးဒေါင့်ကုန်း (ခလရ- ၆၃) ကျောင်းမှ ကျောင်သားကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူလေးများကို မြို့နယ် ပြန်/ဆက်ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲကို ပြသထားရှိရာ အခမ်းအနား တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့သည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)