ဆဒုံး ဇူလိုင် ၁၈
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ (၁) နာရီက "အာဇာနည်နေ့အကြောင်း သိကောင်းစရာ" Talk Show ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မာဝင်းက Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဆဒုံးမြို့၊ အခြေခံပညာ အထက်တန်းကျောင်းမှ အလယ်တန်းပြဆရာ ဦးလှမျိုးဇော်က အာဇာနည်နေ့နှင့် ပတ်သက်သည် များအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆဒုံးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် Talk Show အစီအစဥ်များ ရိုက်ကူး၍ Online မှတစ်ဆင့်ထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်၊၊
ခင်မာဝင်း (ဆဒုံး)