ကမမောင်းမြို့တွင် လူကုန်ကူးမှုပပျောက်ရေးအထိမ်းအမှတ် ပြိုင်ပွဲများကျင်းပ

ကမမောင်း ဇူလိုင် ၁၈

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် လူကုန်ကူးမှုပပျောက်ရေးအထိမ်းအမှတ် ပြိုင်ပွဲများကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ကမမောင်းမြို့ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများတွင် လူကုန်ကူးမှုပပျောက်ရေးခေါင်းစဥ်ဖြင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ(၈)ဦး၊ ပန်းချီပြိုင်ပွဲတွင်ကျောင်းသား၊ကျောင်းသူ(၁၃)ဦး၊  ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြောင်း အမှတ်(၄) အ​ခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။

ကျပန်းစကားပြောပြိုင်ပွဲတွင် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၇၆)ဦးခန့် တတ်ရောက်ခဲ့ပြီး အလယ်တန်းကျောင်းမှ ဆရာမများက အကဲဖြတ်ပေးခဲ့ကြောင်း သိရသည်။

သန့်ဇင်(ကမမောင်းပြန်/ဆက်)