တပ်ကုန်း ဇူလိုင် ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲနှင့် စာအုပ်၊ စာစောင်၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြု ဗဟို ဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
ထိုဟောပြောပွဲတွင် တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က ဟောပြောပွဲကျင်းပရခြင်းရည်ရွယ်ချက်များ ပြောကြားခဲ့ပြီးနောက် မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည်(မောင်ကြည်မူ-ပျဉ်းမနား)၊ မြို့နယ်အမျိုးသမီးအဖွဲ့(Woman Club)ဥက္ကဋ္ဌဒေါ်သင်းသင်းလှိုင်(သင်းသင်းလှိုင်-တပ်ကုန်း)တို့က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ရေးအကျဉ်းနှင့်ဆောင်ရွက်မှုများကို ရှင်းလင်း ဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲသို့ ရှားတောကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ၊ ကျောင်းသူများ တက်ရောက်ကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးမှ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် စာအုပ်၊စာစောင်နှင့် နံရံကပ် စာစောင်များကို ကျောင်းသား၊ ကျောင်းသူများနှင့်ကျောင်းသားမိဘများက စိတ်ဝင်စားစွာကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။
တင်စိုးလွင်