မှော်ဘီမြို့နယ်၌ (၇၆) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်၊ ပုံပြော၊ ပန်းချီ၊ စာစီစာကုံးနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပ

မှော်ဘီ ဇူလိုင် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ဆေးရာင်ခြယ်၊ ပန်းချီ၊ ပုံပြောနှင့် ကဗျာရွတ်ပြိုင်ပွဲများကို ယနေ့မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဦးအေးသိန်းက (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မှော်ဘီမြို့နယ်အတွင်းရှိ အခြေခံပညာဦးစီးဌာနကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက စာစီစာကုံး၊ ဆေးရောင်ခြယ်၊ ပန်းချီ၊ ပုံပြောနှင့် ကဗျာရွတ်ပြိုင်ပွဲများကို အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့အား စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။

ဝင်းဇော်(ပြန်/ဆက်)