သင်္ဃန်းကျွန်းမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်၊ စာအုပ်စာစောင်ပြပွဲ ကျင်းပ

သင်္ဃန်းကျွန်း ဇူလိုင် ၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁:၀၀)နာရီတွင် (၇၆)နှစ်​မြောက် အာဇာနည်နေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့်နံရံကပ်၊ စာအုပ်စာစောင်ပြပွဲအခမ်းအနားအား ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှလှနွယ်မှ မျိုးဆက်သစ်လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများနေ့ထူးနေ့မြတ်အာဇာနည်နေ့အား မမေ့မပျောက်အမှတ်ရစေရန်နှင့် လေ့လာသင်ယူထားသည့် ကျောင်းစာအပြင်ဗဟုသုတများကြွယ်ဝစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်းနှင့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဖြစ်ပေါ်လာပုံသမိုင်းအကျဥ်းချုပ် ကျောင်းသား၊ ကျောင်းသူများ မှတ်သားရမည့်အကြောင်းအရာများ၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်း အကြောင်းအရာများ၊ အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦး၏ အထုပ္ပတ္တိနှင့်လွတ်လပ်ရေးကြိုးပမ်းမှုဖြစ်စဥ်များအား  အကျယ်တဝင့်ဟောပြောခဲ့သည်။

ထို့နောက် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ကြသော  ကျောင်းသား၊ ကျောင်းသူတို့မှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်၊ စာအုပ်၊ စာစောင်များအား လေ့လာကြည့်ရှုကြပြီးအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။

 ခရိုင် (ပြန်/ဆက်)