သတင်းများ

တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ဟိန်းမေတ္တာကုမ္ပဏီမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 18,2023
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းနှင့် ရွှေသတ္တုအလတ်စားသဘောတူစာချုပ် ချုပ်ဆိုထားသော ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ နမ့်ခင်းကျေးရွာအုပ်စုရှိ ဟိန်းမေတ္တာကုမ္ပဏီ (SETCL-43, 44) လုပ်ကွက် ချက်ကန်ဟောင်းနှင့် စွန့်ပစ်မြေစာပုံပေါ်တွင် ယနေ့ နံနက် ၉ နာရီက မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပပြုလုပ်ခဲ့သည်။
နန်းယွန်းမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ
Jul 18,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်း​​မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆)နှစ် မြောက် အဇာနည်နေ့အထိမ်းအမှတ် ပုံပြင်ပြော၊ ကဗျာရွတ်၊ စကားပုံဆက်၊ စိတ်ကြိုက်ပန်ချီနှင့် ဆေးရောင်ခြည်ပြိုင်ပွဲများကို ယနေ့ နံနက် ၁၂ နာရီအချိန်က အဆိုပါခန်းမ၌ ပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဇေယျာသီရိမြို့နယ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေး
Jul 18,2023
နေပြည်တော်ကောင်းစီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဇေယျာသီရိမြို့နယ်အတွင်းဆောင်ရွက်မည့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်မှူးများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး၊ ဘားအံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jul 18,2023
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီခန့်က ဘားအံမွေးမြူရေးဇုန်ရှင်းလင်းဆောင်၌ ဒေသတွင်းမွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးတောင်သူများနှင့် တွေ့ဆုံ၍ မွေးမြူရေးထုတ်ကုန်ဆိုင်ရာများ ဆွေးနွေးခဲ့ကြသည်။
ဒေးဒရဲမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jul 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနသည် မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ် နိုးသူများအသင်းနှင့် ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
စမ်းချောင်းမြို့နယ် အ‌.လ.က(၃)တွင် လူငယ်‌ရေးရာအသိပညာ‌ပေးဟောပြောပွဲကျင်းပပြုလုပ်
Jul 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ အမှတ်(၃)အ‌ခြေခံပညာအလယ်တန်းကျောင်းရှိ “တော်ဝင်”ခန်းမ၌‌  ကျောင်းသားလူငယ်များအသိပညာဗဟုသုတတိုးပွားပြီး နိုင်ငံတော်မှအားကိုးအားထားပြုရမည့် သားကောင်းရတနာများဖြစ်ထွန်းလာစေရေးရည်ရွယ်ချက်ဖြင့် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ လူငယ်‌ရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်းကျင်းပ‌သော လူငယ်‌ ရေးရာ‌ဟောပြောပွဲကိုယနေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲ သန်လျင်၌ကျင်းပ
Jul 18,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီတွင် သန်လျင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။
အမာမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး  မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များကို စာဖတ်သူများထံ လိုက်လံငှားရမ်းပေး
Jul 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော ဗဟုသုတတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်မငှားရမ်းနိုင်သော စာဖတ်ပရိတ်သတ်များထံ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင် များလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးခြင်းကို ယနေ့နေ့လယ်(၁၂)နာရီအချိန်က မြို့မ(၁)ရပ်ကွက်နှင့် အောက်ဆိပ်ကွင်းကျေးရွာအတွင်းရှိ စာငှားသူများထံသို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။