ကျောက်တော်မြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့

ကျောက်တော်  ဇူလိုင် ၁၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို ယမနေ့နေ့လယ်ပိုင်းက မြို့နယ်လူမှု ဝန်ထမ်းရုံး၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ယခုနှစ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ပထမ (၃ )လပတ်အတွက် ကျောက်တော်မြို့နယ်အတွင်းရှိအသက်(၈၅)နှစ်နှင့်အထက် အဘိုး/အဘွားများကို တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် အဘိုး/အဘွား (၁၂၂၁) ဦးတို့အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ ၃၆၆၃၀၀၀၀/ (သုံးရာခြောက်ဆယ်ခြောက်သိန်းသုံးသောင်း ကျပ်တိတိ)အား  မြို့နယ်လူမှုဝန်ထမ်းဦးစီးမှူးနှင့်ဝန်ထမ်းများက ထောက်ပံ့ပေးအပ်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံရယူကြသည်။

ဖြူဖြူဝင်း