ချမ်းမြသာစည် ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community center) ခန်းမတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေးနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ(TalkShow) ဆွေးနွေးပွဲတွင် အရွယ်မရောက်သေးသူကလေးသူငယ်များ စစ်မှုထမ်းခြင်းနှင့်ပတ်သက်၍ ကလေးသူငယ်များအား လက်နက်ကိုင် အဖွဲ့အစည်းများ၌ စစ်မှုထမ်းခြင်းမရှိစေရေးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ အခန်း(၁၇)တွင် ပြဌာန်းထားသည့်အချက်များကို ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့် ဒုတိယဦးစီးမှုး ဒေါ်မြင့်ကေသွယ်ခိုင်တို့က ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (ချမ်းစည်)