တန့်ယန်း ဇူလိုင် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းကို လူဝင်မှုကြီးကပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဇူလိုင်လ ၁၈ ရက်နေ့ တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက် ပေးသည်။
အဆိုပါ နိုင်ငံသားတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်လက် (Biometric) ကောက်ယူခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ မြို့နယ်ဦးစီးမှူး ဦးအမ်ဇော်နော်နှင့် ဝန်ထမ်းများက ကျောင်းသား ကျောင်းသူများ၏ စာရင်းဇယား အချက်အလက်များ မှန်ကန်မှုရှိစေရေး စိစစ်ဆောင် ရွက်ခြင်း၊ အတည်ပြုခြင်းဆောင်ရွက်ပြီး အတည်ပြုချက်ပုံစံအား ချက်ခြင်းထုတ်ပေးလျက်ရှိကြောင်းနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းမန် နှင့် ဆရာ၊ ဆရာမများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)