ဖျာပုံမြို့ ၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနှင့် လူငယ်အသိပညာပေး၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသဆောင်ရွက်

ဖျာပုံ ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနှင့် ကျောင်းသား၊ ကျောင်းသူများကာယ၊ ဥာဏ၊ စာရိတ္တဖွံ့ ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အသိပညာပေး ဟောပြောခြင်း၊နံရံကပ်စာစောင်ပြသခြင်းကို ဇူလိုင်လ (၁၈) ရက်နေ့ နံနက်(၁၁)နာရီ အချိန်က ဖျာပုံမြို့နယ်ကျုံကူကျေးရွာ အ.လ.က (ခွဲ)(ကျုံကူတူးမြောင်း) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အ.လ.က (ခွဲ) (ကျုံကူတူးမြောင်း) ကျောင်း၊ ကျောင်းအုပ်ဆရာမကြီးဒေါ် သန်းသန်းအေးက အဖွင့်အမှာစကားပြောကြားပြီး ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာလွင်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးရရှိရန်ကြိုးပမ်းဆောင်ရွက်မှုများအား အသိပညာပေးဟောပြောသည်။ ဆက်လက်၍ ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊မြို့နယ်အားကစားမှူး ဒေါ် နွယ်နွယ်လှိုင်က အနာဂတ်လူငယ်များဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာများတွင် လူငယ်များအနေဖြင့် ကျောင်းပညာရေးအပြင် အားကစားကဏ္ဍ အထူးလေ့လာလိုက်စားစေလိုကြောင်း၊ သို့မှသာကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောသည်။ ထို့နောက်အလက (ခွဲ)(ကျုံကူတူးမြောင်း)ကျောင်း၊ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းအေး ကကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးကျောင်းသား၊ ကျောင်းသူများအား (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်အား ပြသရာကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်

ဖျာပုံခရိုင် (ပြန်/ဆက်)