ထီးချိုင့် ဇူလှိုင် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့်စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (CommunityCenter)ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒါ်ခင်အုန်းမြင့်က ကျောင်းသား/သူများအား အာဇာနည်နေ့အကြောင်း သိကောင်းစရာများ၊ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အာဇာနည်(၉)ဦးအကြောင်း၊ နေ့ထူးနေ့မြတ်များအကြောင်းကို ကျောင်းသား/သူများ သိရှိနားလည်စေရန် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ခိုင်နှင့် ဝန်ထမ်းများက စာအုပ်စာစောင်များကိုပြသရာ ကျောင်းသား ကျောင်းသူလေးများက စိတ်ဝင်စားစွာကြည့်ရှု့လေ့လာခဲ့ကြောင်းသိရပါသည်။
ရဲလင်းထွန်း (ထီးချိုင့်)