ဟင်္သာတမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများ မီးဘေးအန္တရာယ် လုံခြုံမှုရှိစေရေးကွင်းဆင်းစစ်ဆေး

ဟင်္သာတ မတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲများကို မတ်လ (၁၁)ရက်နေ့မှ စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဝင်ရောက်ဖြေဆိုမည့်ကျောင်းသား‌၊ ကျောင်းသူ (၁၄၂၆)ဦးတို့အား အေးချမ်းစွာစာ‌မေးပွဲဖြေဆိုနိုင်ရေးနှင့် မီးဘေးအန္တရာယ် လုံခြုံမှုရှိ စေရေးအတွက် ယနေ့ နံနက် (၁၀)နာရီက ဟင်္သာတမြို့အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းစာစစ်ဌာနနှင့် မြို့ပေါ်ရှိစာစစ်ဌာန ဖွင့်လှစ်ထားသော အခြေခံပညာအထက်တန်း ကျောင်းများသို့ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့သည်။            

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်စခန်းတာဝန်ခံ ဦးတင်မောင်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ သက်ဆိုင်ရာစာစစ်ဌာနများအလိုက် တာဝန်ခံများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများမှ ကျောင်းဝင်းအတွင်း အမှိုက်များရှင်းလင်းထားရှိမှု၊ မီးသတ်ဆေးဘူးများထားရှိမှု၊ မီးသတ်ရေကန်နှင့် မီးချိတ်၊ မီးကတ်များ အသင့်ဆောင်ရွက်ထားရှိမှု၊ သွယ်တန်းထားသော လျှပ်စစ်မီးကြိုးများ၊ မီးခလုတ်များ ကောင်းမွန်ခြင်း ရှိ/မရှိတို့အား စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။   

ခရိုင်ပြန်/ဆက်(ဟင်္သာတ)