ပျော်ဘွယ် မတ် ၆
ပျော်ဘွယ်မြို့နယ်၊ ညောင်နွယ်(တ)ကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းသိကောင်းစရာနှင့်အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မဟုတ်မမှန်သတင်းများကို ယုံကြည်မှုမရှိစေရေး၊ အမှားအမှန်ဝေဖန်ပိုင်ခြားနိုင်ရန် မိမိတို့ကိုယ်တိုင် အသိပညာဗဟုသုတကြွယ်ဝစေရေးအတွက် စာပေလေ့လာဖတ်ရှုနိုင်ရေးတို့ကို ဆွေးနွေးဟောပြောသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ပြည်သူ့များထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များကို ကျေးရွာပြည်သူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)