ကျောက်တံခါး မတ် ၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ(၁၁) ရက်နေ့မှ (၁၉)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ရာ အခြေခံပညာအထက်တန်း(ကျောက်တံခါး) ကျောင်းဝင်းအတွင်း စာစစ်ဌာန(၃)ခု၌ ကျောင်းသား/ကျောင်းသူ(၇၈၂)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ အတွင်းဖြေဆိုသူ ကျား(၃၀၀)ဦး၊မ(၄၆၆)ဦး စုစုပေါင်း (၇၆၆)ဦး၊ ပြင်ပဖြေဆိုသူ ကျား(၃)ဦး၊ မ(၁၃)ဦး စုစုပေါင်း(၁၆ဦး)ဦးဖြစ်ပြီး စုစုပေါင်း(၇၈၂)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်းနှင့် အခြေခံပညာအထက်တန်း(ကျောက်တံခါး)ကျောင်းဝင်းအတွင်း အ.ထ.က(ကျောက်တံခါး)စာစစ်ဌာန၊ အ.ထ.က(ပဲနွယ်ကုန်း)စာစစ်ဌာနနှင့် အ.ထ.က(နတ်သံကွင်း)စာစစ်ဌာနတို့ဖြင့် စာစစ်ဌာန(၃)ခုဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှုူရုံးမှသိရသည်။
အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမှုအား မြို့နယ်ပညာရေးမှူး၊ ကြီးကြပ်ရေးမှူးနှင့် ဆရာ/မများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့များက ကျောင်းသား/သူများ စာမေးပွဲအေးချမ်းစွာဖြေဆိုနိုင်ရန်အတွက်လည်း လိုအပ်သည်များကို အကောင်းဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)