ထန်းတပင်မြို့နယ်တွင် ဆဋ္ဌမအကြိမ်မြောက် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်

ထန်းတပင်(ရန်ကုန်) မတ် ၆

လိမ္မာယဉ်ကျေးသည့်အနာဂတ်သားကောင်းရတနာ၊ မီးကောင်းရတနာများ ဖြစ်ပေါ်လာစေရန်နှင့် အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက် တက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ  လွမ်းစေတီဘုရားကြီးကျောင်းတိုက်တွင် နွေရာသီယဥ်ကျေး လိမ္မာသင်တန်းကို ဆဋ္ဌမအကြိမ်မြောက်အဖြစ် ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျောင်းတိုက်ကြီး၌ ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက လွမ်းစေတီဘုရားကြီးကျောင်းတိုက်၊ ဦးစီးပဓာန၊ နာယက ဆရာတော် ဘဒ္ဒန္တ ဣန္ဒောဘာသထံမှ ဆုံးမဩဝါဒစကားများကို နာယူခဲ့ကြသည်။

အဆိုပါ သင်တန်းကို လွမ်းစေတီဘုရားကြီးကျောင်းတိုက် ဦးစီးပဓာန၊ နာယက ဆရာတော် ဘဒ္ဒန္တ ဣန္ဒောဘာသမှ ကြီးမှူး၍ဖွင့်လှစ်ခဲ့ခြင်းဖြစ်သလို သင်တန်းကို မတ်လ(၅)ရက်နေ့မှ စတင်၍ နေ့စဥ်(၁)လကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရပြီး နွေရာသီယဉ်ကျေးလိမ္မာ အခြေခံအဆင့်၊ ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့် သင်တန်းများသို့ ကျောင်းသား၊ ကျောင်းသူ (၁၀၀) ကျော်တို့ တက်ရောက်သင်ကြားလျက်ရှိကြောင်းလည်း သိရသည်။


ဇင်မင်းထိုက်(ပြန်/ဆက်)