ညောင်ဦး မတ် ၆
မန္တလေးတို်ငးဒေသကြီး ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများ၊ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ချက်များနှင့်ပတ်သက်၍ သိရှိနားလည်သဘောပေါက်စေရန် ရည်ရွယ်၍ ယနေ့ မွန်းလွဲ ၁ နာရီအချိန်ကစတင်ကာ ကျေးရွာ/ ရပ်ကွက်များသို့ အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် သက်ဆိုင်ရာဌာနဆိုင်ရာများက ပြည်သူ့စစ်မှု ထမ်းဥပဒေ၏ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းရမည့်အသက်အရွယ်၊ စစ်မှု ထမ်းရမည့်ကာလနှင့် ကင်းလွတ်ခွင့်ရှိသူများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် အကျိုးခံစားခွင့်များ၊ ဥပဒေလုပ်ထုံးလုပ်နည်းများအား အရှေ့ဖွားစောကျေးရွာနေ ပြည်သူများအားလည်းကောင်း၊ သူဌေးကန်ကျေးရွာနေပြည်သူများအား အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ယင်းနောက် ဆွေးနွေးပွဲတက်ရောက်လာသူများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ဒီပါလင်း