မော်လမြိုင် မတ် ၆
မွန်ပြည်နယ်အတွင်း ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများက ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်များဖြင့် ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ဌာနဆိုင်ရာများပူးပေါင်းပြီး ပြည်သူများအတွက်သက်သာသောနှုန်းထားများဖြင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချခြင်းကို မတ်လ(၅)ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်ဝင်းအတွင်း၌ ရောင်းချပေးလျက်ရှိသည်။
အဆိုပါ စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများက ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်များဖြင့် ရောင်းချပေးနေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှည့်လည်ကြည်ရှုအားပေးခဲ့သည်။
အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချခြင်းကို မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများက အေးချမ်းပျော်ရွှင်စွာဖြင့် လာရောက်ဝယ်ယူခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အခြေခံစားကုန်များကို လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချနိုင်ရေး ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားကာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်