သတင်းများ

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် (၅၁)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့အခမ်းအနား ပြုလုပ်
Jul 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် တည်ရှိသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းနှစ်ပတ်လည်နေ့ စစ်ရေးပြအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တိုင်းစစ်ဌာနချုပ်စစ်ရေးပြကွင်းတွင် ကျင်းပပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ တပ်ရင်း/ တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
မြစ်သားမြို့နယ် မြို့မစျေးအတွင်း ပလတ်စတစ် လျှော့ချအသုံးပြုသော ပတ်ဝန်းကျင်ဖြစ်စေရန် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေး
Jul 28,2023
မန္တလေးတိုင်းဒေသကြီး ၊  ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ရည်ရွယ်၍ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပလတ်စတစ် သုံးစွဲမှု လျှော့ချရေး အသိပညာပေးလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက လူစည်ကားရာဖြစ်သည့် မြို့နယ်စည်ပင်သာယာစျေးအတွင်း၌  ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
​​​​​​​စစ်ကိုင်းမြို့နယ်တွင် မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး ကွင်းသရုပ်ပြပွဲ ကျင်းပ
Jul 28,2023
စစ်ကိုင်းမြို့နယ်တွင် မိုးသီးနှံများပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဒေသခံတောင်သူများ မိုးစပါးနှင့် ပတ်သက်ပြီး လိုက်နာရမည့်အချက်များ၊ ပျိုးသက်မှန်စိုက်ပျိုးရေးနှင့် တစ်ဧကကောက်ကွက် ပြည့်မီရေး မလစ်ဟင်းစေရေးအတွက် စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ လက်တွေ့ကွင်း သရုပ်ပြသ ခြင်းကို ဇူလိုင်(၂၈)ရက်၊ နံနက်ပိုင်းက ကျောက်ဆည်ကျေးရွာအုပ်စု၊ ကုန်းရွာကျေးရွာ၊ တောင်သူ ဦးဇော်ထိုက်၏ စိုက်ကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်ကလေးသူငယ် အခွင့်အ‌ရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယမန်နေ့ နေ့လယ်(၁)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (OSS) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး
Jul 28,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ​​ယနေ့ နံနက် (၉)နာရီမှ (၁၂)နာရီထိ အပတ်စဥ် သောကြာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ သုံးမိုင်လူငယ်ဖွံ့ဖြိုး ရေး ပရဟိတ ဘုန်းတော်ကြီးကျောင်းရှိ ကျောင်းသား၊ကျောင်းသူများအား  ကျန်းမာရေး စောင့်ရှောက်မှုပေး
Jul 28,2023
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက သုံးမိုင်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဘုန်းတော်ကြီးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား   ယမန်နေ့  နေ့လယ် ၂ နာရီအချိန် အဆိုပါကျောင်းတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြသည်။
နမ္မတူဒေသထွက် တညင်းသီးများ အနယ်နယ်အရပ်ရပ်သို့ တင်ပို့ရောင်းချလျက်ရှိပြီး လားရှိုးမြို့တွင်လည်း ဈေးကောင်းရလျက်ရှိ
Jul 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် နမ္မတူဒေသထွက် တညင်းသီးများ လားရှိုးမြို့တွင် ဈေးကောင်းလျက်ရှိနေကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု၊ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေပေးအပ်ပွဲတက်ရောက်
Jul 28,2023
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မိုခါမုန်တိုင်းသင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အလှူငွေပေးအပ်ပွဲသို့ တက်ရောက်သည်။