တနိုင်း မတ် ၆
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့ နံနက် (၉) နာရီမှ ညနေ (၃) နာရီအထိ မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့သည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက တနိုင်းမြို့ပေါ်ရှိ ရပ်ကွက်ကျေးရွာများမှ (၂) နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဘီစီဂျီ၊ ပိုလီယို အကြောသေ၊ ဝက်သက်-ဂျိုက်သိုး၊ (၅) မျိုးစပ်ကာကွယ်ဆေး (ဆုံစို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်)၊ ပြင်းထန်အဆုပ်ရောင် (ပီစီဗီ) တို့ကို ထိုးနှံပေးလျက်ရှိပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောမဖြစ်စေရန် (Rota) ကာကွယ်ဆေးရည် ကိုပါ တိုက်ကျွေးကြောင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး ထိုးနှံပေး ခြင်းတို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မနောမြေ(တနိုင်း)