ရေဖြူမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သက်ဆိုင်ရာ စာစစ်ဌာနများ၌ ကျောင်းသား/သူ (၉၄) ဦး ဝင်ရောက်ဖြေဆိုမည်

ရေဖြူ မတ် ၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို သက်ဆိုင်ရာ စာစစ်ဌာန(၃)ခု၌ ကျောင်းသား/သူ (၉၄)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

ရေဖြူမြို့နယ်တွင် အ-ထ-ကရေဖြူ၊ အ-ထ-က ကံပေါက်၊ အ-ထ-က ကလိန်အောင် စာစစ်ဌာန (၃) ခု ရှိပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲများ အေးချမ်းစွာ ဖြေဆိုနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပညာရေးဌာနတို့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခတ္တာ