တံတားဦးမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/သူပေါင်း (၃၆၉)ဦးရှိ

တံတားဦး မတ် ၆

တံတားဦခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၄-ခုနှစ် ၊ မတ်လတွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ စာစစ်ဌာနမှ  ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၆၉) ဦးတို့က တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ၌  ဝင်ရောက်ဖြေဆိုရန်အတွက်  လျှောက်လွှာများ တင်သွင်းထားရှိကြောင်း သိရသည်။

အထက ၊ တံတားဦး စာစစ်ဌာန၌ အထက - တံတားဦး ၊ အထက-မြင်းသည် ၊ အထက-ဂွေးကုန်း ၊ အထက - ချောင်းခွ ၊ အထက - သိန္နီကန်  ၊ အထက-တောင်ပြုံး ၊ အထက-တောင်ဘီလူ ၊အထက-မြေငူ၊ အထက(ခွဲ)တပယ် ၊ အထက(ခွဲ)သူငယ်တော် ၊ အထက(ခွဲ)အေးကြည်ကုန်း ၊ အထက(ခွဲ) ထန်းလုံးတပ် ၊ အထက(ခွဲ)ပြူကန် ၊ အထက(ခွဲ)‌ညောင်ဝန်းနှင့် အထက(ခွဲ)လက်ပန်ဇင် ၊ အထက(ခွဲ)စကားအင်း ကျောင်းတို့မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို တံတားဦးမြို့နယ်အနေဖြင့် (STEAMS - 1)  တွင် မြန်မာ ၊ အင်္ဂလိပ် ၊ သင်္ချာ ၊ ဓါတု ၊ ရူပ ၊ ဇီဝဘာသာတွင်  ၊ အတွေင်းဖြေဆိုရန် ကျောင်းသား/သူပေါင်း(၁၃၉)ဦး ၊ အပြင်ဖြေဆိုရန်(၃၈)ဦး ၊ (STEAMS - 2)  တွင် မြန်မာ ၊ အင်္ဂလိပ် ၊ သင်္ချာ ၊ ဓါတု ၊ ရူပ ၊ ဘောဂဘာသာတွင်  ၊ အတွေင်းဖြေဆိုရန် ကျောင်းသား/သူပေါင်း(၁၄၂)ဦး ၊ အပြင်ဖြေဆိုရန်(၁၄)ဦး ၊ (STAMS - 1)  တွင် မြန်မာ ၊ အင်္ဂလိပ် ၊ သင်္ချာ ၊ ပထဝီဝင် ၊ သမိုင်း ၊ ဘောဂဘာသာတွင်  ၊ အတွေင်းဖြေဆိုရန် ကျောင်းသား/သူပေါင်း (၂၂)ဦး၊ အပြင်ဖြေဆိုရန် (၁၄)ဦး၊ စုစုပေါင်း (၃၆၉)ဦး ရှိပါကြောင်း ၊ မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရဲတင့်(ပြန်/ဆက်)