ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဌာနဆိုင်ရာဝန်ထမ်းနှင့် ပူးပေါင်း၍ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ
Jul 28,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီး တင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်း၊ အဖွဲ့ဝင်များနှင့်အတူ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူလူထုများမှစုပေါင်း၍ ယနေ့နံနက် (၁၀)နာရီအချိန်က ဘူးသီးတောင်မြို့ မြို့သစ်ရပ်ကွက်ရှိ မြို့မဓမ္မာရုံ၌ ကျင်းပသော မြို့ပေါ် ရပ်ကွက်များရှိ ဘုန်းတော်ကြီး ကျောင်း(၂၈)ကျောင်းမှ ပင့်သံဃာတော်(၂၈) ပါးတို့အား စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဘူးသီးတောင်မြို့ အေးစေတီကျောင်းတိုက်ဩဝါဒစရိယ ဆရာတော်ဘဒ္ဒန္တသောမထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်၊ အရှင်သူမြတ်များမှ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ဝတ္တုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။