သတင်းများ

ရွှေသောင်ယံမြို့ အသောကာရာမကျောင်းတိုက်တွင် ဌာနဆိုင်ရာများစုပေါင်း ဝါဆိုသင်္ကန်းကပ်လှူ
Jul 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၂)ရပ်ကွက် အသောကာရာမ ကျောင်းတိုက်တွင် ယနေ့နံနက်(၉)နာရီက မြို့အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကိုပြုလုပ်ခဲ့ကြသည်။
နောင်ချိုမြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic Data)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းများ ဆက်လက်ဆောင်ရွက်
Jul 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် (Biometric Data) အချက်အလက်များကောက်ယူ၍ Unique ID (UID)နံပါတ်များ ထုတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက နောင်ချိုမြို့ မြို့မရဲစခန်းတွင် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပုလောမြို့နယ် ပြန်/ဆက်ဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း၍ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေး
Jul 28,2023
သုတ/ရသ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုလောမြို့နယ် ပြည်သူ့စာကြည့်တိုက်ကို လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်း မရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာဖြင့် စာပေကို လေ့လာဖတ်ရှုနိုင်ရေးနှင့် စာဖတ်ရှိန် တိုးတက်လာစေရေးကို မျှော်တွေး၍ ယမန်နေ့  နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများနှင့်ဝန်ထမ်း မိသားစု များကို သွားရောက်၍ သုတ/ရသစာအုပ် စာစောင်များကို နယ်လှည့် ကွင်းဆင်း၍ ကွင်းဆင်း ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။
သရက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကြီးတိုင်းကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Jul 28,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်  ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က  မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ  လူမှုစီးပွားဘဝ  ဖွံ့ဖြိုးတိုးတက်စေရန်အတွက်
လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 28,2023
လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ ညနေပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ (၁)၌ ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြ ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူး၍ ဒွါဒသမအကြိမ်မြောက် စုပေါင်းဝါဆို သင်္ကန်း၊ ဆွမ်းဆန်တော်နှင့် ဆီ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Jul 28,2023
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ကကြီးမှူး၍ ဒွါဒသမအကြိမ်မြောက် စုပေါင်းဝါဆို သင်္ကန်း၊ ဆွမ်းဆန်တော်နှင့် ဆီ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့ရာ အခမ်းအနားသို့တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့်ဇနီး၊ ဒုတိယတိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲပြုလုပ်
Jul 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ယမန်နေ့ နံနက်ပိုင်းက တိုင်းစစ်ဌာနချုပ်ခန်းမ၌ ကျင်းပပြုလုပ်ရာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး နှင့် အရာရှိ၊စစ်သည်၊မိသားစုများ ၊ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ဗဟိုလ်ကျောင်းတိုက်တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများက  စုပေါင်းသန့်ရှင်းရေး ပြုလုပ်
Jul 28,2023
ရခိုင်ပြည်နယ် မောင်တောခရိုင် ၊ မောင်တောမြို့၌ ဗဟိုလ်ကျောင်းတိုက်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ ယနေ့ နံနက်ပိုင်းက စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။