သတင်းများ

ကံမမြို့နယ် ဒဂုံကွင်းကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Jul 28,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ
ကျွန်းလှမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းဆောင်ရွက်
Jul 28,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးရာသီဖြစ်ပွားသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိ ပညာပေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များ၌ တစ်အိမ်တက်ဆင်း ဆောင်ရွက်ကြောင်း သိရသည်။
နွေစပါးဈေးနှုန်းကောင်းမွန်သည့်အတွက် စပါးစိုက်တောင်သူများ အကျိုးအမြတ်ပိုမိုရရှိ
Jul 28,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ဒေသခံတောင်သူများ စိုက်ပျိုးထားသည့် နွေစပါးသီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး ရိတ်သိမ်းရောင်းချချိန်တွင် ဈေးကောင်းရရှိသဖြင့် အကျိုးအမြတ် ပိုမိုရရှိကြောင်းနှင့်ယခုနှစ်နွေစပါးသီးနှံမှာ သတ်မှတ်လျာထား ဧကထက် ကျော်လွန်စိုက်ပျိုးထားနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
နတ်မောက်မြို့ ဈေးရပ်ကွက်ရှိ ရွှေကြာလမ်း ကျောက်ချောလမ်းခင်းခြင်းအား ကျပ် (၂၃.၁၂) သန်းဖြင့်ဆောင်ရွက်
Jul 28,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဈေးရပ်ကွက် ရွှေကြာလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်တွင် မိုးရာသီရေဘေးအန္တရာယ် ကာကွယ်ရေး သရုပ်ပြပွဲအခမ်းအနားကျင်းပ
Jul 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မိုးရာသီရေဘေးအန္တရာယ် ကာကွယ်ရေး သရုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက နတ်ပေးကျေးရွာအုပ်စုရှိ နတ်ပေးရေကင်း စခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းစုမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီး(ဂိုးလတ်)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jul 28,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် TSDP အစီအစဉ်အရ ကျင်းပပြုလုပ်သည့် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီး(ဂိုးလတ်)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ ညနေ(၃)နာရီ အချိန်က မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေဖြင့် ဆိုလာစနစ် မြေအောက်ရေရရှိရေး လုပ်ငန်း(၂)ခု ဆောင်ရွက်
Jul 28,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း စီးပွားရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေဖြင့် ဆိုလာစနစ် မြေအောက်ရေရရှိရေး လုပ်ငန်းနှစ်ခုကို ကဒီးကျေးရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်ထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ကိုကိုးကျွန်းမြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jul 28,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကိုကိုးကျွန်းမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန( Community Centre)တွင် ယမန်နေ့ နေ့လယ် ၁းဝဝ နာရီက စာဖတ်ဝိုင်းကျင်းပခဲ့သည်။