သတင်းများ

သပိတ်ကျင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 27,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ကဘဲ့ရပ်ကွက်၊ ကမ္ဘာအေးကွက်သစ်၌ သစ်ပင်သစ်တောများ စိမ်းလန်းစိုပြေရေး၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန်၊ သစ်ပင်သစ်တောများမှ ရာသီဥတုအပူဒဏ်ကို ကာကွယ်ပေးနိုင်သည့်တန်ဖိုးကို နားလည်ချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲကျင်းပ
Jul 27,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ကျောင်းသားလူငယ်များကို မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ကျောင်းဖြူကုန်းကျေးရွာရှိ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ထန်းတပင်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် တောင်သူများထံသို့ သွင်းအားစုပစ္စည်းများပေးအပ်
Jul 27,2023
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် တောင်သူအစုအဖွဲ့များထံသို့ သွင်းအားစုပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။
လှိုင်းဘွဲမြို့နယ်၌ မိုးစပါး RS-CS မျိုးစေ့ထုတ်စိုက်ခင်းများ ဆားရေစိမ်စိုက်ပျိုးနည်းစနစ် ဆောင်သူများအား လက်တွေ့ပညာပေးသရုပ်ပြပွဲ ဆောင်ရွက်
Jul 27,2023
ကရင်ပြည်နယ်၊ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ် ဒိုင်းပြကုန်းကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်မျိုးစေ့ဌာနခွဲ တာဝန်ခံ ဦးခင်မောင်ကြည်၊ ပြည်နယ် မြေအသုံးချရေးတာဝန်ခံ ဒေါ်သင်းသင်းချို၊ ခရိုင် မြေအသုံးရေးတာဝန်ခံ ဒေါ်ကြည်ကြည်ဝင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက မိုးစပါး စိုက်ပျိုးကြမည့် တောင်သူများအား မိုးစပါး(ဆင်းသုခမျိုးစပါး) RS-CS မျိုးစေ့ထုတ်စိုက်ခင်းများ  ဆားရေစိမ် စိုက်ပျိုးနည်းစနစ်ကို လက်တွေ့ပညာပေးသရုပ်ပြသပွဲကို ယနေ့ နံနက်(၁၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
သာယာဝတီမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Jul 27,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ရွာကြီးကုန်း ရပ်ကွက် မူလွန်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနား ကျင်းပ
Jul 27,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ မိဘဆရာအသင်းအမှုဆောင်အဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် ကျောင်းသား မိဘများမှ စုပေါင်း၍ အဆိုပါကျောင်းရှိ ပညာရတနာခန်းမ၌ ယနေ့  နံနက်(၉) နာရီခွဲက ဝါဆို သင်္ကန်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲမင်္ဂလာအခမ်းအနား ကျင်းပကြောင်း သိရသည်။
မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ သုတေသနပြပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Jul 27,2023
မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံသုတသနပြပွဲ၊ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီ အချိန်က အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ ပြုလုပ်ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်၌နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်သမဝါယမကဏ္ဍမှမိုးစပါးစိုက်ပျိုးရေးလုပ်ငန်းအတွက် စီမံကိန်းရန်ပုံငွေပေးအပ်
Jul 27,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မိုးစပါးစိုက်ပျိုးရေးစီမံကိန်းတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကို ဇူလိုင်(၂၆)ရက်မွန်းလွဲ(၂)နာရီအချိန်က  ကံကြီးကျေးရွာဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။