သတင်းများ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် ၂၀၂၄ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား
Mar 05,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၄ ခုနှစ် နွေရာသီအားကစားသင်တန်းများကို မတ်လ၂ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ အားကစားစိတ်ပါဝင်စားလူငယ်များ တက်ရေက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ကလိန်အောင်ဒေသထွက် သံပုရာသီးများ ယခင်နှစ်ကထက် ဈေးကောင်းရ
Mar 05,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ သံပုရာသီးသည် စားသောက်ကုန်အသီးအနှံများတွင် စားသုံးသူများ သုံးစွဲစားသောက်မှုများသည့် အသီးအနှံများတွင် ပါဝင်လျက်ရှိပြီး ကလိန်အောင်မြို့အတွင်းရှိ ရပ်ကွက်များနှင့်ကျေးရွာများတွင် ရာသီဥတုနှင့်သဘာဝရေမြေအနေအထားအရ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မြို့အတွင်း၌ သံပုရာပင် စိုက်ပျိုးဧကပေါင်းများစွာရှိပြီး နှစ်စဉ်မိုးရာသီနှင့် နွေရာသီတွင် သံပုရာသီးများစွာ ထွက်ရှိသည့် မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။
မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Center) တွင် (၁/၂၀၂၄) ကွန်ပျူတာအခြေခံသင်တန်းဖွင့်လှစ်
Mar 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) တွင် ကျောင်းသား/သူ လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတများနှင့် အတတ်ပညာများ တိုးပွားလာစေရန်အတွက် ကွန်ပျူတာအခြေခံသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မင်းလှမြို့နယ် အောက်ကိုင်းငယ်ကျေးရွာမှ မီးဘေးသင့်အိမ်ထောင်စုအား‌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ကယ်ဆယ်‌ရေးပစ္စည်း (၁၆) မျိုး ထောက်ပံ့ပေးအပ်
Mar 05,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဖေဖော်ဝါရီ (၂၉) ရက်နေ့ ညနေ (၄) နာရီ ၃၅ မိနစ် အချိန်ကတောမီးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့သည့် မီးဘေးသင့် အိမ်ထောင်စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး‌ထောက်ပံ့ပေးခြင်းကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဝင်ခွင့်ကတ်များထုတ်ပေး
Mar 05,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄-ခုနှစ် မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲဝင်ခွင့်ကတ်များကို၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် သရဖီဆောင်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဖျာပုံမြို့နယ်အတွင်း စားသုံးဆီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်း စျေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိလိုက်လံစစ်ဆေးဆောင်ရွက်
Mar 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ စားသုံးဆီအရောင်းဆိုင်များတွင် စားသုံးဆီများအားသက်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိလိုက်လံစစ်ဆေး ခြင်းကို ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများသည်​ ယနေ့နံနက်ပိုင်း အချိန်က မြို့နယ်အတွင်း ရောင်းချလျက်ရှိသော စားသုံးဆီအရောင်းဆိုင်များအား လိုက်လံစစ်ဆေးကြသည်။
သံတွဲမြို့၌ e-ID စနစ်လုပ်ငန်းဆိုင်ရာ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်
Mar 05,2024
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သံတွဲမြို့နယ်ဦးစီးမှူးရုံးမှ e-ID စနစ်လုပ်ငန်းဆိုင်ရာ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းကို စက်တင်ဘာ ၂၆ ရက် နံနက် ၉း၃၀ နာရီမှစတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီတွင် သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အမှတ်(၃)ရပ်ကွက်ရှိ ပြည်သူများအား ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာနများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Mar 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ ၁၁ ရက်နေ့မှစတင်၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေးအတွက် စာမေးပွဲကျင်းပပြုလုပ်မည့် စာစစ်ဌာနများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် တော်ကမယ်ကျေးရွာ အထက်တန်းကျောင်းများသို့ သက်ဆိုင်ရာဌာနများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။