ကံမမြို့နယ် အစိုးရဝန်ထမ်းများ ငွေစုငွေချေး သမဝါယမအသင်း လီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ
Jul 28,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့နယ်သမဝါယမအသင်းစု လီမိတက်၏ အစည်းအဝေးခန်းမ၌ ကံမမြို့နယ် အစိုးရဝန်ထမ်းများ ငွေစုငွေချေး သမဝါယမအသင်း လီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့ နေ့လယ် (၂)နာရီက ကျင်းပပြုလုပ်ရာ သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကနှင့် အမှုဆောင်များ၊ အစိုးရဝန်ထမ်းများ ငွေစုငွေချေး သမဝါယမအသင်းလီမိတက် ဥက္ကနှင့်အမှုဆောင်များ အသင်းသူအသင်းသားများ တက်ရောက်ခဲ့ ကြသည်။