သတင်းများ

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရပ်စောက်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများအား သွားရောက် ကွင်းဆင်းကြည့်ရှု
Jul 27,2023
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ဗထူးတပ်နယ် ကျောင်းအုပ်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့နံနက်(၈)နာရီခွဲက ရပ်စောက်မြို့ ဗထူးအခြေခံပညာအထက်တန်းကျောင်း၌ ပညာသင်ကြား နေသော ကျောင်းသား၊ ကျောင်းသူများကို သွားရောက်ကြည့်ရှု၍ အားပေးစကားပြောကြားပြီး ကျောင်းအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဂုဏ်ပြုချီးမြှင့် ငွေပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးမှ လက်ခံရယူသည်။
ရွှေကျင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများနှင့်အောင်ချက်အကောင်းဆုံး ရရှိသောကျောင်းများအား ဆုပေးပွဲ အခမ်းအနားကျင်းပ
Jul 27,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရွှေကျင်မြို့နယ် စာစစ်ဌာနများ၌ ဝင်ရောက်ဖြေဆိုပြီး ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူ(၇၉)ဦးနှင့်အောင်ချက်အကောင်းဆုံး ရရှိသောကျောင်း(၅)ကျောင်းတို့အား ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က ရှမ်းကြေးရပ်ကွက် မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jul 27,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာများ၊ (Book Club) အဖွဲ့ဝင်များနှင့် စာရေးဆရာမ ခင်စောတင့်ရေးသားသော စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော
Jul 27,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ခရိုင်လူမှုဝန်ထမ်းဦး စီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေး‌နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းကိုယနေ့နံနက်ပိုင်းက ဗောဓိကုန်း အ.ထ.က၌ အသိပညာပေးဟောပြောပွဲပြုလုပ်သည်။
ထန်းတပင်မြို့နယ်၌ မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ် ပြုလုပ်နည်း သင်တန်းဖွင့်လှစ်
Jul 27,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်နည်း သင်တန်းကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ယနေ့နံနက် ၉ နာရီခွဲအချိန် က ဖွင့်လှစ်‌ခဲ့သည်။
စပါး-ငါး တွဲဖက်မွေးမြူဆောင်ရွက်နေသည့် ငါးမွေးတောင်သူများအား ငါးသားပေါက်နှင့် ကယားပြည်နယ်ဒေသထွက် ငါးအစာတောင့် ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကျင်းပ
Jul 27,2023
ကယားပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ စပါး-ငါး တွဲဖက်မွေးမြူ ဆောင်ရွက်နေသည့် ငါးမွေးတောင်သူများအား ငါးသားပေါက်နှင့် ကယားပြည်နယ်ဒေသထွက် ငါးအစာတောင့်များ ထောက်ပံ့ပေးခြင်းအခမ်းအနားကို
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း သီးနှံထုတ်ကုန်များအား ပြည်ပဈေးကွက်သို့ အချိန်မီတင်ပို့နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးမိတ်ဆုံစားပွဲ ကျင်းပပြုလုပ်
Jul 27,2023
ကချင်ပြည်နယ်အတွင်းမှ စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် တစ်သျှူးငှက်ပျော၊ ငရုတ်၊ ပြောင်း၊ ပဲအမျိုးမျိုးတို့အား မြန်မာ-တရုတ်နယ်စပ် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပြည်ပဈေးကွက်သို့ တင်ပို့လျက်ရှိရာ အဆိုပါသီးနှံများအား အချိန်မီတင်ပို့နိုင်ရေးအတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများသည် ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ်သူများ အသင်းတာဝန်ရှိသူများနှင့် ဇူလိုင် ၂၇ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
သင်္ဃန်းကျွန်းမြို့နယ်၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်
Jul 27,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးနှင့် စာပေချစ်မြတ်နိုး သူများအသင်း(Book Club)အဖွဲ့တို့ပူးပေါင်းကာ စာရေးဆရာမ ခင်စောတင့်ရေး သားသည့်  “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ ”စာအုပ်ဖြင့်