သတင်းများ

ဒလမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါးထွန်တုံးပိတ်ပွဲ အခမ်းအနား ကျင်းပ
Aug 17,2023
ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊ဒလမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါးထွန်တုံးပိတ်ပွဲ အခမ်းအနားကို သြဂုတ် ၁၅ ရက်နေ့ နံနက်(၁၀)နာရီအချိန်က ရခိုင်ချောင် (မြောက်)ကျေးရွာရှိ တောင်သူဒေါ်သက်သက်နွယ်၏ ကွင်းအမှတ်(၂၄၂)၊ ဦးပိုင်အမှတ် (၃၇/၃)၊ လယ်ယာမြေ(၅)ဧက ပေါ်၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်မဲမြို့၊ အ.လ.က(၄)ကျောင်းတွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်
Aug 17,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်မဲမြို့နယ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က အ.လ.က (၄) ကျောင်းခန်းမတွင် အသိပညာပေးဟောပြောပွဲ ကျင်းပ‌ခဲ့‌သည်။
အုတ်တွင်းမြို့နယ်၌ အခြေခံပညာမူလတန်းလွန်(ကြက်သွန်ခင်း-၁)ကျောင်းသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်
Aug 17,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဥာဏ်ရည်ဥာဏ်သွေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် နံနက် ၁၀ နာရီခွဲအချိန်က အ.မ.က(မူလွန်)ကြက်သွန်ခင်း-၁ ကျောင်းသို့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကော့ကရိတ်မြို့ ဇိနသုခလောကသရဖူစေတီတော်၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
Aug 17,2023
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာစုပေါင်းဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်(၉)နာရီက ဇိနသုခလောက သရဖူ စေတီတော်ရှိ သဟပုညကာရီဓမ္မာရုံ ၌ ကျင်းပပြုလုပ်သည်။
သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာ‌ရေးများ လဝက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာ‌ရေးများ လဝက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပကြသည်။
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး
Aug 17,2023
ပျဉ်းမနားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင်  မြို့နယ်ရုံးဝန်ထမ်းများက ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်းနှင့် ဒက္ခိဏသီရိမြို့နယ်၊ မဲဒီးကျေးရွာတို့သို့ သွားရောက်ငှားရမ်းပေးကြသည်။
သဲကုန်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်
Aug 17,2023
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်တွင် မိခင်နှင့်ကလေး ကျန်းမာရေးဌာန၏ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ဒုတိယအပတ်အဖြစ် အသက် (၆)လမှ (၅)နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းကို ဩဂုတ်လ ၁၅ ရက်နေ့က မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ် လူငယ်များအသိပညာဗဟုသုတပိုမိုတိုးတက်မြှင့်မားလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Aug 17,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် လူငယ်များအသိပညာဗဟုသုတပိုမိုတိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ရွာသစ်-မူလတန်း(လွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။