လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များနှင့် သီလရှင်ကျောင်းတိုက်များသို့ ဆန် ၊ ဆီ ၊ ဆား ၊ ပဲစသော လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနား ကျင်းပပြုလုပ်

လွိုင်ကော် မတ်

ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များနှင့် သီလရှင်ကျောင်းတိုက်များသို့ ဆန် ဆီ ဆား၊ ပဲစသောလှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ရာ ပင့်ဖိတ်ထားသော သံဃာတော်များ၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကြွရောက်တော်မူလာကြကုန်သော သံဃာတော်အရှင်သူမြတ်များနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ခဲ့ကြပြီး တပ်ဦးကျောင်းဆရာတော် အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြကြောင်း သိရှိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသော ဧည့်သည်တော်များက သံဃာတော်အရှင်သူမြတ်များအား ဆန်၊ ဆီ၊ ဆား၊ ပဲ နဝကမ္မစသော လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ပြီး တပ်ဦးကျောင်းဆရာတော်အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေကာ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဆက်ကပ်လှူဒါန်းပွဲတွင် ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၈၃)ကျောင်းနှင့် သီလရှင်ကျောင်း()ကျောင်းတို့မှ သံဃာတော်(၂၃၀)ပါးနှင့် သီလရှင်()ပါးတို့အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ဆပ်ကပ်လှူဒါန်းမှု စုစုပေါင်းတန်ဖိုးငွေကျပ်(၁၇,၆၆၉,၂၀၀)ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)