ဒေါပုံမြို့နယ်တွင် လူငယ်များအတွက် တိုက်ကွမ်ဒို၊ ဘော်လီဘော၊ ရိုးရာခြင်းလုံးနှင့် ဝူရှူး သင်တန်းများ အခမဲ့ဖွင့်လှစ်

ဒေါပုံ မတ် ၈

လူငယ်များ ကျန်းမာကြံ့ခိုင်စေရန်နှင့် နွေရာသီကျောင်းပိတ်ရက်များအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်စေရန်အတွက် ရည်ရွယ်၍ ဒေါပုံမြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ လူငယ်များအတွက် တိုက်ကွမ်ဒို၊ ဘော်လီဘော၊ ရိုးရာခြင်းလုံးနှင့် ဝူရှူးသင်တန်းများကို အခမဲ့အဖြစ် မတ်လ(၆)ရက်နေ့ နံနက် (၉) နာရီအချိန်က စတင်ကာ မြို့နယ်အားကစားခန်းမတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ကွမ်ဒို၊ ဘော်လီဘော၊ ရိုးရာခြင်းလုံးနှင့် ဝူရှူးသင်တန်းများကို အပတ်စဥ် တနင်္လာနေ့မှ ကြာသပတေးနေ့အထိ မနက်ပိုင်းနှင့် ညနေပိုင်း နှစ်ပိုင်းခွဲ၍ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။ တိုက်ကွမ်ဒို သင်တန်းတွင် သင်တန်းသား (၇၀) ဦး၊ ဘော်လီဘော သင်တန်းတွင် (၃၀) ဦး၊ ရိုးရာခြင်းလုံးသင်တန်းတွင် (၂၀) ဦးနှင့် ဝူရှူးသင်တန်းတွင် (၃၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်းနှင့် သင်တန်းကာလများမှာ တစ်လကြာမြင့်မှာဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)