သတင်းများ

ပေါက်တောမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Jul 28,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ခြင်အန္တရာယ် ကင်းဝေးစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဗုဒ္ဓသာသနာ့ဓမ္မဗိမာန်တော် ပတ်ဝန်းကျင်ရှိ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။
မင်းဘူး(စကု)မြို့နယ်၌ ပဲတီစိမ်း ၁၂၈၄၉ ဧက စိုက်ပျိုးအောင်မြင်
Jul 28,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ၂၀၂၃-၂၀၂၄ ခုနှစ် မိုး ပဲတီစိမ်းသီးနှံ ၁၂၈၄၉ ဧက  စိုက်ပျိုး၍ အောင်မြင်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
မြို့သစ်မြို့မှ စိုက်ပျိုးရေးတောင်သူများ ရှောက်ပင်စိုက်ပျိုးခြင်းဖြင့် အဆင်ပြေ
Jul 28,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ဒေသခံတောင်သူများသည် မြေအောက်ရေ၊ ဆည်ရေများဖြင့် သီးနှံများကို နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စီးပွားဖြစ် စိုက်ပျိုးကြရာ ဒေသထွက်ရှောက်ပင်များစိုက်ပျိုးခြင်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်၌ ရှေးဦးအရွယ် ကလေးသူငယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး မိဘအသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
Jul 28,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ရှေးဦးအရွယ် ကလေးသူငယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး မိဘအသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာန၊ ဝမ်းတွင်း မူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဝါတွင်းကာလ ဝါဆိုဝါကပ်ကြမည့် ဆရာတော်သံဃာတော်များ စိတ်အေးချမ်းစွာဖြင့် သီတင်းသုံးနိုင်ရန် သာစည်မြို့ဘုန်းတော်ကြီးကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Jul 28,2023
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ဝါတွင်းကာလ ဝါဆိုဝါကပ်ကြမည့် ဆရာတော် သံဃာတော်များ စိတ်အေးချမ်းစွာဖြင့် သီတင်းသုံးနိုင်ရန် ယမန်နေ့ မွန်းလွဲ ၃ နာရီက သာစည်မြို့ အမှတ် (၆)ရပ်ကွက် ရေလည်ကျောင်းတိုက်နှင့် သာယာကုန်းကျောင်းတိုက်တို့၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် မိုးစပါးကို ဧကပေါင်း ၄၀၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ပြီး ယနေ့အထိ  ဧကပေါင်း ၁၈၀၀၀ ကျော် စိုက်ပျိုးပြီးစီး
Jul 28,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ စိုက်ပျိုးရာသီတွင် မိုးစပါးကို ဧကပေါင်း ၄၀၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ပြီး ယနေအထိ ဧကပေါင်း ၁၈၀၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးနာမှ သိရသည်။
နတ်မောက်မြို့နယ်တွင် တစ်ဧက စပါးတင်း (၁၀၀)ထွက်ရှိရေး စံပြကွက်များ ဆောင်ရွက်သွားမည်
Jul 28,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပ/လက်ခုပ်ပင်ကျေးရွာအုပ်စုနှင့် ဂွေးချိုကျေးရွာအုပ်စုတို့၌ မိုးစပါးတစ်ဧက တင်း ၁၀၀ ထွက်ရှိရေးအတွက် ကွင်းဆင်းအသိပညာပေးခြင်းလုပ်ငန်းနှင့် မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိထံက သိရသည်။
ကျိုက်မရောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ
Jul 28,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၇ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။