ပင်းတယ၌ ခရမ်းချဉ်သီးယိုပြုလုပ်နည်းသင်တန်း အခမဲ့သင်ကြားပေး
Jul 28,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိပြီး မိသားစုတစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရေးအတွက် ခရမ်းချဉ်သီးယိုပြုလုပ်နည်းသင်တန်းကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သင်ကြားပို့ချပေးလျက်ရှိကြောင်းသိရသည်။