ကလောမြို့နယ်၊ ဘော်နင်းစံပြကျေးရွာ၌ ဆိုင်ကယ်ပြုပြင်သင်တန်း ဖွင့်လှစ်
Jul 28,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်နင်းစံပြကျေးရွာတွင် ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း ခေတ်မီစံပြကျေးရွာရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေးလုပ်ငန်း မော်တော်ဆိုင်ကယ်ပြင်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွှဲ ၂ နာရီက ဘော်နင်းစံပြကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။