သတင်းများ

တောင်ငူမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 29,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင် အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည့်။
ဟင်္သာတမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား သက်ဆိုင်ရာတာဝန်ရှိအဖွဲ့များမှ ရှောင်တခင် ဝင်ရောက်စစ်ဆေး
Jul 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၊ ဟင်္သာတမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စသော ပူးပေါင်းအဖွဲ့သည် ဟင်္သာတမြို့နယ်အတွင်းရှိ ဆေးဆိုင် တို့တွင် တရားမဝင်ဆေးဝါးများ၊ အများပြည်သူ သုံးစွဲရန်မသင့်သော ဆေးဝါးများ ဖြန်ဖြူးရောင်းချ ခြင်း ရှိ/ မရှိကို ယမန်နေ့နံနက် ၁၀နာရီက လိုက်လံစစ်ဆေးခဲ့ကြသည်။
ထန်းတပင်မြို့နယ်၌ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကျင်းပ
Jul 29,2023
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များစုပေါင်း၍ စုပေါင်း ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကာလိမြို့ ငွေတောင်ဦးသီရီမင်္ဂလာကျောင်းတိုက် သိန်းဖျံကျေးရွာ၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်
Jul 29,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ ငွေတောင်ဦးသီရီမင်္ဂလာကျောင်းတိုက် သိန်းဖျံကျေးရွာ၌ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် ခြင်အန္တရာယ်ကင်းရှင်းရေးအတွက် လုပ်အားဒါနတရပ်အနေဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက်(၈) နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်း အနား တက်ရောက်
Jul 29,2023
မွန်ပြည်နယ် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ​အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဆရာ/ ဆရာမ များနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့သည်။
စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာစီးပွား‌ရေး  တက္ကသိုလ်တွင်ကျင်းပသည့်  လူငယ်စကားဝိုင်း အခမ်းအနားသို့ တက်ရောက်အားပေး
Jul 28,2023
မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မုံရွာစီးပွားရေးတက္ကသိုလ်တို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူ လူငယ် လူရွယ်များ အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ အ‌ဆောင်(၇) ဘက်စုံခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျေ
ကန်ကြီးထောင့်မြို့နယ်တွင် Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များသွား‌ ရောက်ငှားရမ်းပေး
Jul 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် ယမန်နေ့ နေ့လည် (၁)နာရီအချိန်က မြို့နယ်အတွင်းရှိဌာန ဆိုင်ရာရုံးများသို့ သွားရောက်၍ သုတ/ရသ စာအုပ်၊ စာစောင်များကို သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
လပွတ္တာမြို့နယ်အခြေခံပညာကျောင်းများ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး
Jul 28,2023
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြပါစို့”ဆိုသည့်ဆောင်ပုဒ်အတိုင်း လပွတ္တာမြို့နယ် အတွင်းရှိအခြေခံပညာ ကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး နှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ကာကွယ်ဆေးများ